ဖားကန့် မတ် ၁၉
ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းက ဖွင့်လှစ်ထားရှိသည့် စာစစ်ဌာန(၂)ခု၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြသည့် ကျောင်းသား၊ ကျောင်းသူများ အဆင်ပြေစွာဖြေဆိုနိုင်ရေးအတွက် ဌာနဆိုင်ရာများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များနှင့်တာဝန်ရှိသူများက စနစ်တကျစောင့်ကြပ်ကြည့်ရှုပေးလျက်ရှိကြောင်း သိရသည်။
ဖားကန့်မြို့နယ်တွင် စာစစ်ဌာန(၂)ခုဖွင့်လှစ်ထားပြီး ယမန်နေ့က အင်္ဂလိပ်စာဘာသာရပ်ကို ဖားကန့်မြို့အခြေခံပညာအထက်တန်းကျောင်း၌ ကျောင်းသား၊ ကျောင်းသူ(၂၈၄)ဦးနှင့် ကာမိုင်းမြို့ အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၄၈)ဦး စုစုပေါင်းဖြေဆိုသူ (၄၃၂)ဦးရှိပြီး စာဖြေရာခိုင်နှုန်းမှာ (၈၄.၇၁)ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရှိရသည်။
မြို့နယ်(ပြန်/ဆက်)