ကချင်ပြည်နယ်အတွင်းရှိ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များအား အခြေခံစားသောက်ကုန်များ ပေးအပ်

မြစ်ကြီးနား မတ် ၁၈

ကချင်ပြည်နယ်အတွင်း ယာယီနေရပ်စွန့်ခွာလာခဲ့ကြသော ခရိုင်/မြို့နယ်များမှ အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များအား ပြည်နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များက ယမန်နေ့ မွန်းလွဲ ၁ နာရီက ပြည်နယ်မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ရုံးရှိ ခန်းမ၌ အခြေခံစားသောက်ကုန်များ ပေးအပ်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်အမျိုးသမီးရေးရာနှင့် မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယက၊ ပြည်နယ်ဝန်ကြီးချုပ်၏ဇနီး ဒေါ်နန်ဆိုင်းက မြစ်ကြီးနားခရိုင်၊ ဗန်းမော်ခရိုင်နှင့် ချီဖွေခရိုင်များမှ မြစ်ကြီးနားမြို့နယ်အတွင်း တွဲဖက်တာဝန်ထမ်းဆောင်နေသော အဖွဲ့ဝင်များအား နေထိုင်စားသောက်မှုအဆင်ပြေစေရေးအတွက် အခြေခံစားသောက်ကုန်များ ပေးအပ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် အားပေးစကားများ ပြောကြားခဲ့သည်။

ဆက်လက်၍ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ နာယကနှင့် အဖွဲ့ဝင်များက ခရိုင်/မြို့နယ်များမှ အဖွဲ့ဝင် (၁၂၁) ဦးတို့အား စုစုပေါင်း ငွေကျပ် (၂၇၉၆၀၀၀) တန်ဖိုးရှိ ဆီ (၁၂၁) ပိဿာနှင့် ဆန် (၁၂၁)အိတ်ကို အသီးသီး ပေးအပ်ခဲ့ကြကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)