တီးတိန်မြို့နယ်တွင် မျောက်ငိုသီးပေါ်ချိန်ဖြစ်၍ တောင်သူများအပိုဝင်ငွေရရှိ

တီးတိန် ဖေဖော်ဝါရီ ၂၂

ချင်းပြည်နယ်၊ တီးတိန်မြို့နယ်တွင် ဒေသအနေအထားနှင့် ကိုက်ညီသည့် မျောက်ငိုပင်ကို တစ်ပိုင်တစ်နိုင် စိုက်ပျိုးလျက်ရှိရာ ယခုအချိန်တွင် မျောက်ငိုသီးလှိုင်လှိုင် ပေါ်နေပြီ ဖြစ်၍ တောင်သူများ အပိုဝင်ငွေများ ရရှိကြောင်းသိရသည်။

"ကျွန်တော်တို့ မျောက်ငိုကို စီးပွားဖြစ်အောင်တော့မစိုက်နိုင်သေးပါဘူး တစ်ပိုင်တစ်နိုင်ပဲ စိုက်ပျိုးနိုင်တယ်။ အပိုဝင်ငွေလေးတော့ ရတာပေါ့"ဟု မျောက်ငိုစိုက်တောင်သူ တစ်ဦးကပြောသည်။

မျောက်ငိုသီးများကို အပင်လိုက်သော်လည်းကောင်း၊ အသီးလိုက်သော်လည်းကောင်း လိုက်ကောက်ပြီး တမူးမြို့မှ နန်းဖာလုံစျေးသို့ သယ်ယူရောင်းချနေကြကြောင်း၊ ယခုတွင် စျေးနှုန်းကျ၍ တစ်ခုလျှင် ကျပ် ၅၀ မှ ကျပ် ၁၀၀ အကြားမှာ အရောင်း အဝယ်ဖြစ်ကြောင်း၊ ပေါက်စျေးက တစ်ရက်နှင့်တစ်ရက်မတူကြောင်း၊ အတက် အကျရှိကြောင်း၊ မျောက်ငိုသီး လိုက်ကောက်သူ တစ်ဦးထံမှ သိရသည်။

ပေါင်ကျင့်မုန်(ပြန်/ဆက်)