မိုးညှင်းမြို့နယ်၌ နောက်ဆုံးနေ့(ဘောဂဗေဒဘာသာရပ်နှင့်ဇီဝဗေဒဘာသာရပ်)ကို ကျောင်းသား၊ ကျောင်းသူများ ဆက်လက်ဖြေဆို

မိုးညှင်း မတ် ၂၂

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးညှင်းမြို့နယ်ရှိ စာစစ်ဌာနသုံးခုတွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ Grade-12 နောက်ဆုံးနေ့ဖြစ်သည့် (ဘောဂဗေဒဘာသာနှင့် ဇီဝဗေဒဘာသာရပ်)များကို  ယနေ့နံနက် (၉)နာရီမှစတင်ကာ ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မိုးညှင်းမြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖွင့်လှစ်ထားရှိသည့် စာစစ်ဌာနသုံးခု၌ အ.ထ.က-၁ (မိုးညှင်း)စာစစ်ဌာနတွင် ကျောင်သား၊ ကျောင်းသူ(၉၃၈)ဦး၊ အ.ထ.က(ဟိုပင်)စာစစ်ဌာနတွင် ကျောင်းသား၊ ကျောင်းသူ(၃၉၆)ဦးနှင့် အ.ထ.က(အင်းတော်ကြီး)စာစစ်ဌာနတွင် ကျောင်းသား ကျောင်းသူ(၃၀၆)ဦးဖြစ်ပြီး၊ ဘောဂဗေဒဘာသာရပ်တွင် (၁၁၅၄)ဦးနှင့် ဇီဝဗေဒဘာသာရပ်တွင် (၄၈၆)ဦး ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း(၁၆၄၀)ဦးနှင့် ပျက်ကွက်(၃၄)ဦး၊ ဖြေဆိုသည့် ရာခိုင်နှုန်းမှာ (၉၇)ဒဿမ (၉၇)ရာခိုင်နှုန်းရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

အဆိုပါ ဖြေဆိုကြရာတွင် ကျောင်းသားကျောင်းသူများ တည်ငြိမ်အေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် အပြင်စည်းလုံခြုံရေးအနေဖြင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးညီညီလွင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာအကြီးအကဲများ၊ ကျန်းမာရေးစောင့်ရှောက်မှုဝန်ထမ်းများ၊ လုံခြုံရေးတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ ရပ်ကွက်အလိုက် အုပ်ချုပ်ရေးအဖွဲ့များ၊ မိဘဆရာအသင်းအဖွဲ့ဝင်များနှင့် ကျောင်းကော်မတီမှ တာဝန်ရှိသူများက ပူးပေါင်းပါဝင်ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ရွှေမိုးညှင်း