ဟားခါး မတ် ၂၂
၂၀၂၅ ခုနှစ်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့ညနေ ၃ နာရီက ဟားခါးမြို့၊ ချင်းပြည်နယ်လွှတ်တော်ရုံးရှေ့ကွင်းပြင်၌ ကျင်းပခဲ့ကြောင်း သိရသည်။
ဆုပေးပွဲမကျင်းပမီ ၂၀၂၅ ခုနှစ်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲ တတိယနေရာအတွက် လွှတ်တော်ရဲအသင်းနှင့်သတင်းရဲ အသင်းတို့ယှဉ်ပြိုင်နေမှုနှင့်ဗိုလ်လုပွဲကို စီမံကိန်းဦးစီးဌာနအသင်းနှင့် မီးသတ်ဦးစီးဌာနအသင်း ယှဉ်ပြိုင်နေမှုများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ဧည့်သည်တော်များက ကြည့်ရှုအားပေးကြသည်။
ထို့နောက် ဆုပေးပွဲအခမ်းအနားကျင်းပရာ ၂၀၂၅ ခုနှစ်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ် ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံ အမျိုးသားပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဒိုင်လူကြီးများအား တိုင်းရင်း သားရေးရာဝန်ကြီး ဦးစိန်ထွန်းလှကလည်းကောင်း၊ ရိုက်ခုတ်မှုအကောင်းဆုံးဆုရရှိသည့် စီမံကိန်း ဦးစီးဌာနအသင်းမှ ဦးပြည့်ဖြိုးဇော်အား လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေလင်းအောင်က လည်းကောင်း၊ ပင့်ထောင်မှုအကောင်းဆုံးဆုရရှိသည့် မီးသတ်ဦးစီးဌာနအသင်းမှ ဦးလာလ်အောမ်ပွီး အား လူမှုရေးရာဝန်ကြီး ဦးဝင်းဇော်ဦးကလည်းကောင်း၊ နောက်ထိန်းအကောင်းဆုံးဆုရရှိသည့် မီးသတ်ဦးစီးဌာနအသင်းမှ ဦးထွန်းနေအောင်အား သယံဇာတရေးရာဝန်ကြီး ဦးကျော်ငြိမ်းက လည်းကောင်း၊ တတိယဆုရရှိသည့် လွှတ်တော်ရဲအသင်းအား လုံခြုံရေးနှင့်နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး သိန်းထွန်းအောင်ကလည်းကောင်း၊ ဒုတိယဆုရရှိသည့် စီမံကိန်းအသင်းအား ပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးနေစိုးကလည်းကောင်း၊ ပထမဆုရရှိသည့် မီးသတ်ဦးစီးဌာန အသင်းအား ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာဝုန်ဆွန်းထန်ကလည်းကောင်း တစ်ဦးချင်းဆုတံဆိပ်၊ ငွေသားဆုနှင့် တံခွန်စိုက်ဖလားများ အသီးသီးပေးအပ်ချီးမြှင့်ကြသည်။
၂၀၂၅ ခုနှစ်၊ ချင်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်ဖလား ဌာနပေါင်းစုံ အမျိုးသား ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် ဌာနဆိုင်ရာကိုယ်စားပြု အသင်း(၁၄)သင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)