မိုးကောင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဆဋ္ဌမနေ့ ဇီဝဗေဒနှင့်ဘောဂဗေဒဘာသာရပ်ကိုဖြေဆိုပြီး

မိုးကောင်း မတ် ၂၂

ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်၌ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန(၃)ခုဖြင့် ကျောင်းသား၊ ကျောင်းသူ (၉၅၆)ဦးက မတ်လ(၂၂)ရက် ဆဋ္ဌမနေ့တွင် ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်ကို ဖြေဆိုပြီးကြောင်း သိရသည်။

မိုးကောင်းမြို့နယ်အတွင်းအ.ထ.က(၁)စာစစ်ဌာန၊ အထက-နမ္မတီးနှင့် အ.ထ.က-ပင်းဘောစာစစ်ဌာနတို့ဖြင့် စာရင်းရှိကျောင်းသား(၃၇၈)ဦး၊ ကျောင်းသူ(၆၀၅)ဦးအနက် ဇီဝဗေဒဖြေဆိုသူ ကျောင်းသား(၇၈)ဦး၊ ကျောင်းသူ(၁၃၉)ဦး၊ ဘောဂဗေဒဖြေဆိုသူ ကျောင်းသား(၂၈၅)ဦး၊ ကျောင်းသူ(၄၅၄)ဦးဝင်ရောက်ဖြေဆိုရာ ဖြေဆိုမှုရာခိုင်နှုန်း ၉၇ ဒဿမ ၂၄ ရှိကြောင်း သိရသည်။

ဇီဝဗေဒနှင့် ဘောဂဗေဒဘာသာရပ်များ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက စောင့်ကြပ်ကြည့်ရှုလျက်ရှိကြောင်း သိရသည်။

သန်းလွင်ဦး(ပြန်/ဆက်)