ပလောက်မြို့၌ ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးစိုက်အကျိုးဆောင် တောင်သူများအား GAP အသိအမှတ်ပြု လက်မှတ်ပေးအပ်ခြင်း အခမ်းအနား ကျင်းပ

ပလောက် မတ် ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ မြိတ်ခရိုင်၊ ပုလောမြို့နယ်၊ ပလောက်မြို့၊ ကျောက်လုံးကြီးကျေးရွာအုပ်စု၊ ကျောက်တောင်ကျေးရွာရှိ ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးစိုက် အကျိုးဆောင် တောင်သူ (၅၀) ဦးအားGAP အသိမှတ်ပြု လက်မှတ်ပေးအပ်ခြင်း အခမ်းအနားကို ယနေ့နံနက် (၉)နာရီက ပလောက်မြို့စိုက်ပျိုးရေးဦးစီးဌာနရုံးတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ပလောက်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန မြို့အုပ်ချုပ်ရေးမှူး ဦးဟိန်းမင်းအောင်က အဖွင့်အမှာစကား ပြောကြားခဲ့ပြီး၊ မြို့စိုက်ပျိုးရေး ဦးစီးမှူး ဦးသော်ဇင်ထွန်းက ကျောက်တောင်ကျေးရွာရှိ ၂၀၂၄-၂၀၂၅ ခုနှစ်၊ မိုးစပါးစိုက် အကျိုးဆောင်တောင်သူ(၅၀)၏ မိုစပါးဆင်းသုခမျိုး၊ GW11 မျိုး (၃၀၀) ဧကကို စိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းနှင့်အညီ စိုက်ပျိုးထုတ်လုပ်ခဲ့ပြီး၊ ပန်းတိုင်အထွက်နှုန်း (၁၀၁.၂၉) တင်းနှုန်းရရှိခဲ့ပါကြောင်း၊ သို့ဖြစ်ပါ၍ စားသုံး သူများအတွက် အစားအစာ ဘေးကင်းလုံခြုံစိတ်ချရပြီး၊ ဒေသဝမ်းစာဖူလုံရေးကို အထောက်အကူဖြစ်စေသည့် အကျိုးဆောင် တောင်သူများအား စိုက်ပျိုးရေးဦးစီးဌာန၊ GAP အသိအမှတ်ပြုလက်မှတ်ထုတ်ပေးရေးအဖွဲ့၏ GAP လက်မှတ်များအား တောင်သူများထံသို့ ပေးအပ်ပွဲဆောင်ရွက်ခဲ့ပါကြောင်းကို ဟောပြောခဲ့သည်။

ဆက်လက်၍ ပလောက်မြို့ မြို့အုပ်ချုပ်ရေးမှူးနှင့် တာဝန်ရှိသူများက အကျိုးဆောင် တောင်သူများအား GAP လက်မှတ်ပေးအပ်ပေးခဲ့ကြောင်း သိရသည်။

နှင်းမြူလွင် (ပလောက်)