ကော့သောင်းမြို့တွင် ဆရာဆရာမများ၏ သင်ကြားမှုအရည်အသွေး တိုးတက်မြင့်မားလာစေရန် ဘာသာရပ်စွမ်းရည်မြှင့် (မွမ်းမံ)သင်တန်း ဖွင့်လှစ်

ကော့သောင်း မတ် ၂၄

တနင်္သာရီတိုင်း‌ဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် အထက်တန်း၊ အလယ်တန်း၊ မူလတန်းအဆင့်ဆရာဆရာမများ၏ သင်ကြားမှု အရည်အသွေး တိုးတက်မြင့်မားလာစေရန် ဘာသာရပ်စွမ်းရည်မြှင့် (မွမ်းမံ)သင်တန်း  အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့ မတ်လ(၂၄)ရက်နေ့မှစတင် ဖွင့်လှစ်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အထက်တန်း ၊အလယ်တန်း၊ မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် (မွမ်းမံ)သင်တန်း၊‌ ဆွေးနွေးပွဲကို မတ်လ (၂၄) ရက်နေ့မှ (၂၈) ရက်နေ့ထိ ဖွင့်လှစ်‌ ဆောင်ရွက်သွားမည်ဖြစ်ပြီး အထက်တန်းအဆင့် ဆရာ၊ဆရာမ (၁၃၂)ဦး၊ အလယ်တန်းအဆင့် ဆရာ၊ဆရာမ (၁၂၇)ဦး ၊ မူလတန်းအဆင့် ဆရာ၊ဆရာမ (၁၀၅)ဦးတို့က နည်းပြဆရာ၊ဆရာမများနှင့်အတူ သင်ကြားမှု အရည်အသွေး တိုးတက်မြင့်မားလာစေရန် ဘာသာရပ်အလိုက် သင်ကြားမှု ထိရောက်စေရေး စာတွေ့လက်တွေ့များဖြင့် အပြန်အလှန် သင်ကြား၊ဆွေးနွေးဆောင်ရွက်လျက်ရှိကြသည်။

ဆရာ၊ဆရာမများအနေဖြင့် မိမိသင်ကြားသည့်ဘာသာရပ်အပေါ်မှာ အမြဲတမ်းနိုးနိုးကြားကြား၊ တက်တက်ကြွကြွရှိပြီး အမြဲတမ်းလေ့လာမှုရှိ‌စေရန်၊ နည်းပြဆရာ၊ဆရာမများနှင့်အတူ‌ ဝိုင်း‌ဝန်းအကြံပြုဆွေးနွေးခြင်းဖြင့်  အကြံဉာဏ်သစ်၊ နည်းစနစ်သစ်များ ရရှိပြီး သင်ကြားသင်ယူမှု ထိရောက်စေပြီး သင်ကြားမှုလုပ်ငန်းများ အရည်အသွေး တိုးတက်မြင့်မားစေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန် /ဆက်)