ကျောက်တံတား မတ်၂၄
ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ ကျောက်တံတားမြို့နယ်ရုံး Community Centre ခန်းမတွင် ယမန်နေ့ နေ့လယ်ပိုင်းအချိန်က ဟောပြောပွဲနှင့် ဆေးရောင်ခြယ်ပြိုင်ပွဲ ဆောင်ရွက်ပေးခဲ့သည်။
အဆိုပါဟောပြောပွဲတွင် ကျောက်တံတားမြို့နယ်ရုံးမှ ဦးစီးအရာရှိ ဦးလိန်းဟုန်းမာန်က “နွေရာသီအားလပ်ရက်မှာ စာကြည့်တိုက်သို့လာရောက်ပြီး စာအုပ်များ အခမဲ့လာရောက်ဖတ်ရှုနိုင်သလို မိမိတို့ဝါသနာပါရာ လာရောက်လေ့လာနိုင်သည့်အပြင် ဖွင့်လှစ်သင်ကြားပေးနေသည့် အခမဲ့သင်တန်းများကိုလည်း တက်ရောက်နိုင်ကြောင်း” ပြောကြားခဲ့ပြီးနောက် ဆေးရောင်ခြယ်ပြိုင်ပွဲ ပြုလုပ်ပေးခဲ့သည်။
ကျောက်တံတားမြို့နယ်ရုံးအနေဖြင့် စာဖတ်ရှိန်မြင့်မားလာစေရန်အတွက် စာကြည့်တိုက်အား အသုံးချ၍ အသိပညာများတိုးပွားစေခြင်း၊ သင်တန်းများဖွင့်လှစ်သင်ကြားပေးခြင်း၊ ကွန်ပျူတာများ အခမဲ့အသုံးပြုခွင့်ပေးထားခြင်းများအပြင် ပြပွဲ၊ပြိုင်ပွဲများစွာကိုလည်း ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရှိရသည်။
ကျောက်တံတား (ပြန်/ဆက်)