အမရပူရ မတ် ၂၄
မန္တလေးတိုင်းဒေသကြီး၊ အမရပူရခရိုင်၊ အမရပူရမြို့တွင် မြို့နယ်အတွင်းရှိ အခြေခံပညာအလယ်တန်းနှင့်အထက်တန်းတို့တွင် သင်ကြားလျက်ရှိသော ဆရာ၊ ဆရာမများကို ဘာသာရပ်အလိုက် စွမ်းရည်မြှင့်သင်တန်းများကို ယနေ့နံနက် ၉ နာရီက စတင်သင်ကြားပို့ချလျက်ရှိကြောင်း သိရသည်။
အဆိုပါ ဘာသာရပ်အလိုက် စွမ်းရည်မြှင့်သင်တန်းများကို အခြေခံပညာအလယ်တန်း ဘာသာရပ် စွမ်းရည်မြှင့်သင်တန်းကို အမရပူရမြို့လေးစုရပ်ရှိ အမှတ် ၁ အခြေခံပညာအထက်တန်းကျောင်းတွင် သင်တန်းသား၊ သင်တန်းသူ ဆရာ၊ ဆရာမ ၂၃၀ ဦးကို နည်းပြဆရာ၁၆ဦးမှ ပို့ချလျက်ရှိပြီး အထက်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်သင်တန်းကို ဆင်စွယ်ပွတ်ရပ်ကွက်ရှိ အမှတ် ၂ အခြေခံပညာအထက်တန်း ကျောင်းတွင် သင်တန်းသားဆရာ၊ ဆရာမ ၁၉၀ ဦးအား နည်းပြဆရာ ၁၆ ဦးဖြင့် ပို့ချသင်ကြားလျက်ရှိပြီး သင်တန်းများကို ၄ ရက်ကြာ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
စိုးသီဟ(အမရ)