သာယာဝတီမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ နွေရာသီအခြေခံနှင့် အဆင့်မြင့်အားကစားသင်တန်းများဖွင့်လှစ်

သာယာဝတီ မတ် ၂၄

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် သာယာဝတီခရိုင်နှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ပူးပေါင်းကြီးမှူးဖွင့်လှစ်သော နွေရာသီအခြေခံနှင့်အဆင့်မြင့်အားကစားသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက သာယာဝတီခရိုင် မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခင်မောင်ထွေးက အဖွင့်အမှာစကားပြောကြားပြီး၊ Fitness Dance သင်တန်းသား/သင်တန်း၀သူများမှ အား/ကာ သိပ္ပံရန်ကုန်တွင် သင်တန်းတက်ရောက်နေသော ဝူရူးအားကစားနည်းမှ သင်တန်းသားတစ်ဦး သရုပ်ပြသိုင်းပညာများပြသခဲ့ပြီး ခရိုင်အမျိုးသမီးရေးရာဥက္ကဋ္ဌ ခေါ်ခင်သီတာနှင့် အဖွဲ့ဝင်များက သင်တန်းသား၊ သင်တန်းသူများအား အချိုရည်ဘူးများ လှူဒါန်းခဲ့ကြသည်။

 အဆိုပါနွေရာသီအဆင့်မြင့် အားကစားသင်တန်းများတွင် ဖူဆယ်၊  ဘောလုံး၊ ပိုက်ကျော်ခြင်း၊  စားပွဲတင်တင်းနစ်၊ ဘော်လီဘောစသည့် အားကစားနည်းများ သင်ကြားပို့ချမည်ဖြစ်သည်။ 

အဆိုပါ အားကစားသင်တန်းများသို့ သင်တန်းသား၊ သင်တန်းသူ ၂၅၀ ဦးခန့် တက်ရောက်မည်ဖြစ်ပြီး အားကစားဆိုင်ရာ နည်းပြဆရာကြီးများ၊ လက်ရွေးစင်စေတနာရှင် နည်းပြဆရာများ၊ နည်းစနစ်မှူးများက အခမဲ့စနစ်တကျလေ့ကျင့်သင်ကြားပို့ချပေးသွားမည် ဖြစ်ကြောင်း သိရသည်။​

သန့်ဇော်(ပြန်/ဆက်)