ကြံခင်းမြို့နယ် စိုက်တိုးမြင့်အဖွဲ့မှ နွေစပါး(၁၆)ဧကစိုက်ပျိုးရန် ထွက်ယက်နေမှုအား ကွင်းဆင်းကြည့်ရှု

ကြံခင်း မတ် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ တလိုင်းကွင်းအုပ်စုတွင် ယနေ့နံနက်ပိုင်းက နွေစပါး (၁၆) ဧက စိုက်ပျိုးရန်အတွက် ထွန်းယက်နေမှုအား မြို့နယ်စိုက်တိုးမြင့်အဖွဲ့က ကွင်းဆင်းကြည့်ရှုကြသည်။

အဆိုပါ နွေးစပါးစိုက်ပျိုးရန် တလိုင်းကွင်းအုပ်စု ကွင်းအမှတ် ၄၁ ဦးပိုင်အမှတ် ၂၈၇/၁ (၁၆.၀၀) ဧက ရှိဦးနန္ဒာနေမျိုးမောင်၏ လယ်လယ်မြေတွင် ရက် (၉၀) စပါးမျိုး စိုက်ပျိုးရန် ထွန်ယက်နေမှုကို စိုက်ပျိုးနေမှုကို မြို့နယ်စိုက်တိုးမြှင့်ဥက္ကဋ္ဌ ဦးဝင်းလှိုင်နှင့်အဖွဲ့ဝင်များ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဝန်ထမ်းများက ကြည့်ရှုကာ တောင်သူလိုချက်အား လမ်းညွှန်ပေးခဲ့​​ကြသည်။

ထိုသို့ တောင်သူများအနေဖြင့် မိုးစပါး၊ နွေစပါးစိုက်ပျိုးခြင်းဖြင့် ဒေသအတွင်း ဆန်ဖူလုံမှုရှိလာမည့်အပြင်၊ ဆောင်းသီးနှံများအား တစ်ပိုင်တစ်နိုင်စိုက်ပျိုးပါက မိသားစုဝင်ငွေတိုးပွား လာမည်ဖြစ်ကြောင်းနှင့် ယခုနှစ်နွေစပါး ၁၈၆၁ ဧက စိုက်ပျိုးပြီးဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးဦးစီးဌာနမှ သိရှိရသည်။

ဖြိုးဝေလင်း (ပြန်/ဆက်)