လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်း လုပ်ငန်းများ ဆောင်ရွက်

လှိုင်သာယာ မတ် ၂၅

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ၀န်ထမ်းများက မတ် ၂၃ ရက်နေ့နံနက် (၉) နာရီ၌ အမှတ် (၃) ရပ်ကွက်အတွင်းရှိ ပြည်သူများအား ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေ စာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်း လုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်ပေးလျက်ရှိသည်။

လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားများ လူတိုင်းကိုင်ဆောင်နိုင်ရန်၊ ပြည်သူများအားလုံးခရီးသွားလာရာတွင် အဆင်ပြေချောမွေ့စွာ သွားလာနိုင်ရန်၊ လူမှုစီးပွားဘဝအဆင်ပြေကြစေရန်၊ အိမ်ထောင်စုစာရင်းများတွင် မိသားစုဝင်များ၏ လူဦးရေနှင့်အမည်စာရင်းများမှန်ကန်စွာ ထည့်သွင်းဖော်နိုင်ရန်၊ မှတ်ပုံတင်ကတ်ပြားများ အသစ်လဲလှယ်ပေးခြင်းလုပ်ငန်းများ၊ နိုင်ငံသားစိစစ်‌ရေးကတ်ပြား (၃၅) ကတ်နှင့် စမတ်ကတ်တို့ကို လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးသန့်စင်နှင့် ၀န်ထမ်းများက နေ့ချင်းထုတ်ပေးလျက်ရှိပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဘော်နှင့်အဖွဲ့၀င် (၁) ဗိုလ်မှူးကြည်သာဇော်၊ အမျိုးသမီး‌ရေးရာအဖွဲ့၀င်တို့က ကွင်းဆင်းကြည့်ရှုပြီးပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ခင်၀င်းမူ (ပြန်/ဆက်)