မင်းလှ မတ် ၂၅
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် အခြေခံပညာကျောင်းသား/ သူများ၏ သင်ကြားသင်ယူမှုလုပ်ငန်းများ တိုးတတ်မြှင့်မားလာစေရန်၊ အသစ်ခန့်ဆရာ/ ဆရာမများ၏ အရည်အသွေးတိုးတတ်မြှင့်မားလာစေရန်၊ ထူးချွန်ထက်မြက်သော နိုင်ငံသားကောင်းရတနာများ မွေးထုတ်ပေးနိုင်ရန် ရည်ရွယ်ချက်များဖြင့် ၂၀၂၄- ၂၀၂၅ ပညာသင်နှစ်၊ ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲများကို အ.ထ.က မင်းလှ (မြို့ပြင်) ကျောင်း၌ ယမန်နေ့ နံနက် ၉ နာရီချိန်က စတင်ဆောင်ရွက်ခဲ့သည်။
မူလတန်းအဆင့်ဆွေးနွေးပွဲတွင် မူလတန်းကျောင်းအုပ်ဆရာကြီး ဆရာမကြီး (၄၂) ဦးက နည်းပြအဖြစ်ဆွေးနွေးပို့ချပြီး မြို့နယ်အတွင်းရှိ အခြေခံပညာ (၁၅၅) ကျောင်းနှင့် ဘ/က (၄) ကျောင်း စုစုပေါင်း (၁၅၉) ကျောင်းမှ မူလတန်းအဆင့် ဆရာ ဆရာမများ(၆၁၆)ဦး တတ်ရောက်ပြီး၊ အလယ်တန်းအဆင့်ဆွေးနွေးပွဲတွင် အလယ်တန်းပြ ဆရာ/ ဆရာမ (၁၂) ဦးက နည်းပြအဖြစ် ဆွေးနွေးပို့ချပြီး မြို့နယ်အတွင်းရှိ အခြေခံပညာ (၄၈) ကျောင်းနှင့် ဘ/က(၂) ကျောင်း စုစုပေါင်း (၅၀) ကျောင်းမှ အလယ်တန်းအဆင့် ဆရာ ဆရာမများ (၉၆) ဦး တတ်ရောက်ဆွေးနွေးဆောင်ရွက်လျက်ရှိသည်။
ဆွေးနွေးပွဲကို မတ်လ (၂၄) ရက်မှ (၂၈) ရက်နေထိ နံနက် (၉) နာရီမှ ညနေ (၄) ရီချိန်ထိ KG မှ Grade-9 တန်းထိ ဘာသာရပ်များကို ဆွေးနွေးခြင်းပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူး ဒေါ်ကြည်ကြည်ချို၊ ဒုတိယမြို့နယ်ပညာရေးမှူး ဒေါ်ခင်သန္တာမိုးနှင့် ဝန်ထမ်းများ အနီးကပ်ကြီးကြပ်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကိုပေါက် (ပြန်/ဆက်)