တွံတေး မတ် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်အတွင်းရှိ မြို့နယ် ၅ မြို့နယ်မှ အခြေခံပညာအထက်တန်းအဆင့်ရှိ ဆရာ၊ ဆရာမများအား ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၉ နာရီအချိန်က အခြေခံပညာအထက်တန်းကျောင်း (ကံဘဲ့) တွင် ကျင်းပခဲ့သည်။
တွံတေးမြို့နယ်တွင် အခြေခံပညာအထက်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲကျင်းပရခြင်းမှာ တွံတေးခရိုင်အတွင်း (အထက်တန်း) အဆင့်ရှိ ဆရာ၊ ဆရာမအနေဖြင့် ဘာသာရပ်အလိုက် သင်ကြားမှုစွမ်းရည်နှင့် သင်ကြားမှုနည်းစနစ်များ ပိုမိုကျွမ်းကျင်လာစေရန်၊ သင်ကြားမှုလုပ်ငန်းများ စစ်ဆေးအကဲဖြတ်တတ်စေရန်၊ သတ်မှတ်ထားသော စံညွှန်းကိန်းများကို တတ်ကျွမ်းနားလည်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ပေးရခြင်းဖြစ်ကြောင်း သိရသည်။
တွံတေးမြို့နယ်၌ အခြေခံပညာအထက်တန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲတွင် တွံတေးခရိုင်အတွင်းရှိ မြို့နယ် ၅ မြို့နယ်မှ အထက်တန်းအဆင့် ဆရာ၊ ဆရာမ (၅၂၈) ဦး တက်ရောက်လျှက်ရှိပြီး အဆိုပါဆွေးနွေးပွဲကို မတ်လ (၂၄) ရက်နေ့မှ (၂၈) ရက်နေ့အထိ တွံတေးခရိုင်အတွင်းရှိ ဘာသာရပ်အလိုက် တတ်ကျွမ်းသောနည်းပြ ဆရာ၊ ဆရာမ (၄၂) ဦးတို့က ဆွေးနွေးပို့ချသင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။
တွံတေးသား