ရန်ကုန် မတ် ၂၅
ပညာရေးဝန်ကြီးဌာန၊ အခြေခံပညာဦးစီးဌာန၊ သန်လျင်ခရိုင် ပညာရေးမှူးရုံး၏ ကြီးကြပ်မှုဖြင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာအထက်တန်းဆင့် (ခရိုင်အဆင့်) စွမ်းရည်မြှင့်မွန်းမံသင်တန်းကို ယမန်နေ့ နံနက် ၉ နာရီမှစ၍ သန်လျင်မြို့ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ဖွင့်လှစ်သင်ကြားလျှက်ရှိသည်။
အဆိုပါအခြေခံပညာအထက်တန်းဆင့် (ခရိုင်အဆင့်) စွမ်းရည်မြှင့်မွန်းမံသင်တန်းသို့ သန်လျင်ခရိုင်အတွင်းရှိ သန်လျင်၊ ကျောက်တန်း၊ သုံးခွ၊ ခရမ်းနှင့် တံတားမြို့တို့မှ အထက်တန်းပြဆရာ ဆရာမ (၆၉၃) ဦးတို့ တက်ရောက်လျှက်ရှိပြီး သင်ကြားမှုစွမ်းရည်ထက်မြက်စေရန် အပြန်အလှန်ဆွေးနွေးခြင်းအပါအဝင် သင်တန်းအား ယနေ့မှ (၄) ရက်ကြာ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
ဖြိုးသီဟ (ပြန်/ဆက်)