လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ် လူထုအခြေပြုဗဟိုဌာန (community center) တွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်း အခမ်းအနားဖွင့်လှစ်

လှိုင်သာယာ မတ် ၂

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ (အရှေ့ပိုင်း) မြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် အသိပညာဗဟုသုတများ လေ့လာရရှိနိုင်ရန်အတွက် ယမန်နေ့ နံနက် (၉) နာရီ၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (community centre) ခန်းမတွင် အခြေခံပန်းချီရေးဆွဲနည်းသင်တန်းအခမ်းအနားဖွင့်လှစ်သည်။

အခမ်းအနားတွင် အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်သူဇာသိမ့်က အမှာစကားပြောကြားပြီး အသိပညာဗဟုသုတများ ကျယ်ပြန့်စွာရရှိနိုင်ရန် သင်တန်းဖွင့်လှစ်ရခြင်း ဖြစ်ကြောင်းကို ဦးစီးအရာရှိ ဒေါ်ခင်၀င်းမူက ပြောကြားသည်၊၊ ဆက်လက်၍ သင်တန်းနည်းပြ ဒါရိုက်တာ ပန်းချီရွှေအေးကိုက အခြေခံပန်းချီရေးဆွဲရာတွင် လိုက်နာရမည့် အချက်များ၊ မျဉ်းကွေး၊ မျဉ်းဖြောင့်၊ မျဉ်းလဲ၊ မျဉ်းခုံးပုံများဖြင့် တိရစ္ဆာန်ပုံလေးများ အဆင့်ဆင့်ရေးဆွဲနည်းတို့ကို စာတွေ့၊ လက်တွေ့သင်ကြားပြသပေးလျက်ရှိသည်။

အဆိုပါသင်တန်းသို့ မြို့နယ်အတွင်းရှိ မူလတန်းအဆင့်နှင့် အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ (၄၅) ဦးဖြင့် သင်တန်းဖွင့်လှစ်သင်ကြားပို့ချပြီး သင်တန်းကာလမှာ မတ်လ (၂၄) ရက်နေ့မှ ဧပြီလ (၄) ရက်နေ့အထိ သင်တန်းပို့ချသွားမည်ဖြစ်သည်။

ခင်၀င်းမူ (ပြန်/ဆက်)