ပခုက္ကူ မတ်၂၅
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၌ ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့တီဘီရောဂါနေ့အထိမ်းအမှတ် အသိပညာပေးလုပ်ငန်းကို ယနေ့ နံနက် ၉ နာရီအချိန်က လှုပ်ရှားဆောင်ရွက်သည်။
အဆိုပါ အသိပညာပေးလုပ်ငန်းကို ပခုက္ကူမြို့၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံအုပ်ကြီးနှင့် တိုက်ဖျက်ရေးဌာနမှကျန်းမာရေးဝန်ထမ်းများ၊ မြန်မာနိုင်ငံဆရာဝန်အသင်းတီဘီစီမံချက် (ညောင်ဦးနှင့်ပခုက္ကူခရိုင်) တာဝန်ခံဆရာဝန် ဒေါက်တာဌေးလှိုင်၊ တွဲလက်များပရဟိတအဖွဲ့ဝင်များပူးပေါင်းပြီး ၂၀၂၅ ခုနှစ်၊ ကမ္ဘာ့တီဘီရောဂါနေ့အထိမ်း အမှတ်အဖြစ် တီဘီရောဂါကာကွယ်ဆေးမှီဝဲသုံးစွဲနေသော လူနာ(၃၅)ဦးအတွက် လိုအပ်သည့်ဆေးဝါးများနှင့် အာဟာရပစ္စည်းများပေးအပ်ခြင်းတို့ကို ကွင်းဆင်းဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။
ဘာမီသာ(ပခုက္ကူ)