မူဆယ် မတ်၂၅
ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ်ခရိုင်၊ မူဆယ်မြို့နယ် အကောက်ခွန်ဦးစီးဌာနမှ သိမ်းဆည်းထားသော အများပြည်သူစားသုံးရန်မသင့်သည့် တရုတ်နိုင်ငံထုတ် Snow Beer(1023)PKGS ဖျက်ဆီးဆောင်ရွက်ခြင်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါဖျက်ဆီးပွဲသို့ ဦးစောထွန်း၊ ညွှန်ကြားရေးမှူး၊ (၁၀၅)မိုင်၊ အကောက်ခွန်ဦးစီးဌာန၊ ဒေါ်မျိုးမျိုးဦး (ပြည်တွင်းအခွန်ဦးစီးဌာန)၊ ဗိုလ်မှူးထွန်းထွန်းဇော်(မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်)၊ ဦးဝင်းနိုင်(ဒုမြို့နယ်အုပ်ချုပ်ရေးမှူး)၊ ဦးမိုင်းငိုမြင့်ဝန်း(စားသုံးသူရေးရာ)၊ ဦးအယ်လ်စိုးထန်တူး (ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန)တို့မှ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
ဦးစွာ မူဆယ်မြို့၊ အကောက်ခွန်ဦးစီးဌာနမှ အများပြည်သူစားသုံးရန်မသင့်သည့် Snow Beer(1023)PKGS များကို ဖျက်ဆီးရခြင်းဖြစ်ကြောင်း၊ ပြည်သူများစားသုံးပါက မသင့်သည့် အစားအသောက်များကိုစားသုံးခြင်းမပြုမိစေရန် သိမ်းဆည်းထားပြီး ယခုလို ဖျက်ဆီးရခြင်းဖြစ်ပါကြောင်း ရှင်းလင်းခဲ့သည်။
ယင်းနောက် အကောက်ခွန်အမှုတွဲအမှတ်၊ ၁၁/မစ(ပနရ)/၂၀၂၅(၀၀၇)ဖြင့် သိမ်းဆည်းထားသော အများပြည်သူစားသုံးရန်မသင့်သည့် ခန့်မှန်းတန်ဖိုး ငွေကျပ်(၃၆,၈၂၈,၀၀၀) ရှိ Snow Beer (1023)PKGS ကို လမ်းကြိတ်စက်ကြီးဖြင့် ကြိတ်ခွဲဖျက်ဆီးခဲ့ကြောင်းသိရပါသည်။
ချယ်ရီမြေ(မူဆယ်)