နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တောင်ကြီးမြို့၊ အဝေးပြေးခရီးသည်တင် ယာဉ်ငယ်ရပ်နားစခန်း ဖွင့်ပွဲကျင်းပ

တောင်ကြီး မတ်လ ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးမြို့၊ သစ်တောရပ်ကွက်၊ တောင်ကြီး-ဟိုပုံး ပြည်ထောင်စုလမ်းရှိ အဝေးပြေးခရီးသည်တင် ယာဉ်ငယ်ရပ်နားစခန်း၌ ယမန်နေ့ မွန်းလွဲ ၁ နာရီက နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် တောင်ကြီးမြို့၊ အဝေးပြေးခရီးသည်တင် ယာဉ်ငယ်ရပ်နားစခန်း ဖွင့်ပွဲကျင်းပသည်။

ရှေးဦးစွာ တောင်ကြီးမြို့နယ် စည်ပင်သာယာရေးဌာနအမှုဆောင်အရာရှိ ဦးသိန်းဝင်းက အဝေးပြေးခရီးသည်တင် ယာဉ်ငယ်ရပ်နားစခန်းအဆင်မြှင့်တင်ခြင်းလုပ်ငန်းနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ရှမ်းပြည်နယ် တရားလွှတ်တော်တရားသူကြီးချုပ် ဦးသန်းဦးလွင်၊  ရှမ်းပြည်နယ် အစိုးရအဖွဲ့ဝင်၊ ပြည်နယ်သယံဇာတရေးရာ ဝန်ကြီးဦးစိုင်းလိတ်၊ ပြည်နယ်လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးနေဝင်းအောင်နှင့်တာဝန်ရှိသူတို့က နှစ်(၈၀)ပြည့် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယာဉ်ငယ်ရပ်နားစခန်းအား ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးသည်။

ထို့နောက် ရှမ်းပြည်နယ် တရားလွှတ်တော် တရားသူကြီးချုပ် ဦးသန်းဦးလွင်နှင့်တာဝန်ရှိသူတို့က ကဗ္ဗည်းမော်ကွန်းအား အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းပေး​ပြီး အဝေးပြေးခရီးသည်တင် ယာဉ်ငယ်ရပ်နားစခန်းအတွင်း၌ လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်းနှင့် အဆိုပါ အဝေးပြေးခရီးသည်တင် ယာဉ်ငယ်ရပ်နားစခန်းကို ရှမ်းပြည်နယ်အစိုးရအဖွဲ၏လမ်းညွှန်မှုဖြင့် ရှမ်းပြည်နယ်စည်ပင်သာရေးဌာနမှ ကြီးကြပ်ဆောင်ရွက်ခဲ့ပြီး ဂိတ်ခန်းပေါင်း ၄၀ ခန်း ပါရှိခဲ့ကြောင်း သိရသည်။

ကျော်ဇင်၊(ပြည်နယ်၊ပြန်/ဆက်)