ပြည်မြို့နယ် သမဝါယမအသင်းစုမှ ဆောင်းဆီထွက်သီးနှံ နေကြာ (ရေဆင်းစပ်မျိုး- ၁) စံကွက်ရိတ်သိမ်း

ပြည် မတ် ၂၅

ပဲခူးတိုင်းဒေသကြီး ပြည်မြို့နယ် သမဝါယမအသင်းစုမှ ၂၀၂၄-၂၀၂၅ ဆောင်းဆီထွက်သီးနှံ နေကြာ (ရေဆင်းစပ်မျိုး- ၁) စံကွက်ရိတ်သိမ်းပွဲကို ယမန်နေ့ နံနက်ပိုင်းက ပြည်မြို့နယ် မြောင်းဆုံကျေးရွာအုပ်စု၊ ဂွေးပင်ကုန်းကျေးရွာရှိ စံပြစိုက်ခင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါစံကွက်ရိတ်သိမ်းပွဲဆောင်ရွက်နေမှုအား ပြည်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ဇင်ဦးနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနနှင့် မြို့နယ်သမဝါယမဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုအားပေးခဲ့ကြပြီး ဒေသထွက်ကုန်စားသုံးဆီဖူလုံရေးအတွက် ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

ကိုဆက် (ပြန်/ဆက်)