နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ           

နတ်မောက် မတ် ၂၅

မကွေးတိုင်းဒေသကြီး နတ်မောက်မြို့၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်(၁၀)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (Community Centre)တွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ အသိပညာပေးဟောပြောပွဲတွင် ဒေါ်ဝင်းမေထွန်း(စထောက်-၃)က လူငယ်များအား “ဗဟုသုတသည်တန်ခိုး” ဖြစ်သည်ဟု ပြောဆိုချက်နှင့်အညီ လူသားတိုင်းအတွက် မရှိမဖြစ် သိသင့်သိထိုက်သော ဗဟုသုတပေါင်းစုံ၊ ပညာပေါင်းစုံတို့ ဖူးပွင့်ရာ ဥယျာဉ်ကြီးများမှာ စာအုပ်စာပေများတွင်ရှိနေကြောင်း  ဒါကြောင့်  လူငယ်များအတွက် အနာဂတ်လှပကောင်းမွန်စေရန်နှင့် ယဉ်ကျေးလိမ္မာသော နိုင်ငံ့သားကောင်းသမီး ကောင်းရတနာလေးဖြစ်စေရန် စာအုပ်စာပေများလေ့လာဖတ်ရှုရမှာ ဖြစ်ပါကြောင်းနှင့် ဗလငါးတန်ဖြစ်သည့် ကာယ၊ ဉာဏ၊ စာရိတ္တ၊ မိတ္တ၊ ဘောဂဗလတို့နှင့် ပြည့်စုံသည့် လူတော်လူကောင်းများဖြစ်စေရန် ကျောင်းစာများသာမက ပြင်ပဗဟုသုတများကိုလည်း   လေ့လာဖတ်ရှုရမှာဖြစ်ပါကြောင်း ဟောပြောခဲ့သည်။

မူမူစန်း