ချောက်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့်၊ အလယ်တန်းဆင့် စွမ်းရည်မြှင့်သင်တန်းဖွင့်လှစ်

ချောက် မတ် ၂၅   

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်၌မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမများ အရည်အသွေးမြှင့်တင်ပေးရန်နှင့် သင်ကြားမှု/သင်ယူမှု ထိရောက်စေရန်ရည်ရွယ်၍ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းဆင့်၊ အလယ်တန်းဆင့် စွမ်းရည်မြှင့်သင်တန်းဖွင်ပွဲကို  အ.ထ.က(၁)ကျောင်းမြရိပ်ညိုခန်းမ၌ ယမန်နေ့ နံနက် ၉ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဦးစွာ မြို့နယ်ပညာရေးမှူး ဦးသန်းမြိုင်က အဖွင့်အမှာစကားပြောကြားပြီး ဒုတိယမြို့နယ်ပညာရေးမှူး ဦးထွန်းဆင့်ဝင်းက သင်တန်းစည်းကမ်းချက်များအား ရှင်းလင်း‌ပြောကြားကာ သင်တတန်းသင်ကြားပို့ချချိန်တွင် အလေးထားလိုက်နာသင်ယူကြရန် ပြောကြားခဲ့သည်။       

ထို့နောက် မူလတန်းဆင့် စွမ်းရည်မြှင့်သင်တန်းကို အ.ထ.က (၁) ကျောင်းတွင်လည်းကောင်း၊ အလယ်တန်းဆင့် စွမ်းရည်မြှင့်သင်တန်းကို အ.ထ.က (၄) ကျောင်းတွင်လည်းကောင်း ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ပြီး မူလတန်းအဆင့်စွမ်းရည်မြှင့်သင်တန်းတွင် သင်တန်းသား/သူ ဆရာ၊ ဆရာမ (၉၆၉) ဦး၊ အလယ်တန်းဆင့်စွမ်းရည်မြှင့်သင်တန်းတွင် သင်တန်းသား/သူ ဆရာ၊ ဆရာမ (၃၄၄) ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။ မူလတန်းအဆင့်စွမ်းရည်မြှင့်သင်တန်းတွင် နည်းပြဆရာ (၆၆) ဦးက မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာသိပ္ပံ၊ လူမှုရေးဘာသာရပ် (၅) မျိုးကိုလည်း‌ကောင်း၊ အလယ်တန်းဆင့်စွမ်းရည်မြှင့်သင်တန်းတွင် နည်းပြဆရာ (၂၂) ဦးက မြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ ပထဝီဝင်၊ သမိုင်း၊ သိပ္ပံဘာသာရပ် (၆) မျိုးကိုလည်း‌ကောင်း မတ်လ (၂၄) ရက်မှ (၂၈) ရက်‌နေ့အထိ နေ့စဉ်နံနက် (၉) နာရီမှည‌နေ ‌(၃) နာရီ ထိ (၄) ရက်တာ စာတွေ့လက်တွေ့ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျော်မိုး(ပြန်/ဆက်)