မင်းဘူးမြို့၌ ရေခဲမုန့်ပြုလုပ်ခြင်း နည်းပညာသင်တန်းဖွင့်ပွဲ ကျင်းပ

မင်းဘူး မတ် ၂၅

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ မင်းဘူးမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနတို့ ပူးပေါင်း၍ ရပ်ကွက်အတွင်းရှိ အခြေခံလူတန်းစားများ အလုပ်အကိုင်အခွင့်အလမ်းများရရှိစေရန် ရည်ရွယ်ဖွင့်လှစ်သည့် ရေခဲမုန့်ပြုလုပ်ခြင်း နည်းပညာသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက် ၁၀ နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပခဲ့သည်။

သင်တန်းဖွင့်ပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးမျိုးမောင်မောင်ကျော်က သင်တန်းဖွင့်လှစ်ပေးရခြင်းမှာ ရပ်ကွက်နေအခြေခံလူတန်းစားအကျိုးအတွက် ကူညီဆောင်ရွက်ပေးနေသည့် လုပ်ငန်းဖြစ်ကြောင်း၊ ဒါကြောင့် အလေးထားသင်ယူကြပြီး ရရှိလာသည့် နည်းပညာရပ်များဖြင့် အလုပ်အကိုင်အခွင့်အလမ်းများကို အလေးထားကြိုးစား ဆောင်ရွက်သွားကြရန် ရှင်းလင်းပြောကြားပြီး အသေးစားစက်မှုဦးစီးဌာနမှ သင်တန်းဆရာမ ဒေါ်မိုးမြင့်မြင့်သူက သင်တန်းသား၊ သင်တန်းသူများအား စာတွေ့၊ လက်တွေ့ သင်ကြားပြသပေးခဲ့သည်။

အဆိုပါသင်တန်းတွင် သင်တန်းသား ၂၅ ဦး တက်ရောက်ခဲ့ပြီး၊ မင်းဘူးမြို့ အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ စာရင်းကိုင်(၄) ဒေါ်မိုးမြင့်မြင့်သူက နည်းပညာရပ်အဆင့်ဆင့်တို့ကို ၂၀၂၅ ခုနှစ် မတ်လ ၂၄ ရက်နေ့မှ ၂၅ ရက်နေ့အထိ မင်းဘူးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာတွေ့၊ လက်တွေ့ သင်ကြားပို့ချခဲ့ကြောင်း သိရသည်။

ဇေယျာနိုင်(ရွှေကန်မြေ)