မင်းလှမြို့၌ မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော် ကျင်းပနိုင်ရေး ညှိုနှိုင်းဆွေးနွေး

မင်းလှ မတ် ၂၅

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၁၃၈၆ ခုနှစ်၊ မြန်မာ့ရိုးရာယဉ်ကျေးမှု မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့ နေ့လည်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးတင့်ထူးက မြန်မာ့ရိုးရာနှစ်သစ်ကူးမဟာသင်္ကြန်ပွဲတော်ကို မြန်မာ့ယဉ်ကျေးမှုဓလေ့ ထုံးစံများနှင့်အညီ စည်ကားသိုက်မြိုက်စွာ ကျင်းပမည်ဖြစ်၍ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ရေးတို့ကို ပြောကြားသည်။

ထို့နောက် တက်ရောက်လာသည့် ဌာနဆိုင်ရာအကြီးအကဲများ၊ ရပ်ကွက်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများက ဗဟိုမဏ္ဍပ်တည်ဆောက်မည့် အစီအစဉ်၊ သင်္ကြန်ပွဲတော်ကျင်းပရေးဦးစီးလုပ်ငန်းကော်မတီဖွဲ့စည်းထားရှိ‌ရေး၊ လုံခြုံရေး၊ ယိမ်းအဖွဲ့များရရှိရေး၊ အခမ်းအနားပြင်ဆင်ဆောင်ရွက်နိုင်ရေး၊ အလှူ‌ငွေကောက်ခံရေးနှင့် ဒေသခံပြည်သူများ အေးချမ်းစွာ ပါဝင်ဆင်နွှဲနိုင်ရေး စသည့် ကဏ္ဍအသီးသီးတို့ကို ဆွေးနွေးခဲ့ကြပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့က ညှိုနှိုင်းဆွေးနွေးခဲ့ကြသည်။

မင်းလှမြို့နယ်တွင် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ဗဟိုမဏ္ဍပ်ကို အမှတ်(၅)ရပ်ကွက်၊ ရုံးလမ်းရှိ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရုံးပိုင်မြေကွက်တွင် ကျင်းပပြုလုပ်ရန်စီစဉ်ထားကြောင်း သိရသည်။

ကိုပေါက်(ပြန်/ဆက်)