မိုင်းရယ်မြို့နယ်အဆင့် အခြေခံပညာ အထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် သင်တန်း/ ဆွေးနွေးပွဲကျင်းပ

မိုင်းရယ် မတ် ၂၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ်အဆင့် အခြေခံပညာအထက်တန်း၊ အလယ်တန်းနှင့် မူလတန်းအဆင့် ဘာသာရပ်စွမ်းရည်မြှင့် သင်တန်း/ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီခွဲက အခြေခံပညာအထက်တန်းကျောင်း၊ ရတနာခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် တာဝန်ခံခရိုင်ပညာရးမှူး ဦးအောင်ကျော်ဦးက အမှာစကားပြောကြားပြီး ဒုမြို့နယ်ပညာရးမှူး(ပညာ) ဦးဝင်းနိုင်က သင်တန်းနှင့်ပတ်သက်သည်များကို ရှင်းလင်းပြာကြားသည်။

အဆိုပါသင်တန်းကို သင်တန်းနည်းပြ(၂၈)ဦး၊ သင်တန်းသား/သူ ဆရာ/ဆရာမ(၄၃၇)ဦး တက်ရောက်ပြီး သင်တန်းကာလ ၃ ရက်ဖြင့် ဘာသာရပ်(၆)ခုကို ဆွေးနွေးသင်ကြားသွားမည်ဖြစ်‌ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)