မိုင်းရယ်မြို့နယ် နားလီ‌ကျေးရွာ၌ မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှု လျော့နည်းစေ‌ရေး ကွင်းဆင်း အသိပညာပေး

မိုင်းရယ် မတ် ၂၄

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မိုင်းရယ်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် သမဝါယမဦးစီးဌာနတို့ပူး‌ပေါင်း၍ မိမိ‌ဒေသပတ်ဝန်းကျင် မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှု လျော့နည်းစေရေး အသိပညာပေးလုပ်ငန်းကို ယနေ့နံနက် ၁၀ နာရီက နားလီ‌ကျေးရွာ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထိုသို့ ပြုလုပ်ရာတွင် မြို့နယ်‌ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးအောင်ဝင်းခိုင်ဦးက မီးခိုးမြူငွေ့ဖြစ်ပါ် စေသည့်အရာများ၊ မီးခိုးမြူငွေ့ကြောင့် လေထုညစ်ညမ်းခြင်း၊ လေထုညစ်ညမ်းမှု၏ အန္တရာယ်နှင့် ဆောင်ရန်၊ ရှောင်ရန်အချက်များကို မြန်မာ၊ ရှမ်း နှစ်ဘာသာဖြင့် ဆွေးနွေးပြောကြားခဲ့သည်။

အဆိုပါ အသိပညာပေး ဆွေးနွေးရာသို့ နားလီကျေးရွာ အုပ်ချုပ်ရေးမှူးနှင့် ဒေသခံပြည်သူ (၃၀) ဦး တက်ရောက်ကြကြောင်း သတင်းရသည်။

မြို့နယ်(ပြန်/ဆက်)