ထန်းတပင် မတ် ၂၅
လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ဦးစီးမှူးရုံးမှ ဝန်ထမ်းများက ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်း လုပ်ငန်းများ မြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာ အုပ်စုများသို့ ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိပြီး မတ်လ (၂၃) ရက်နေ့က ကလိန်ကျေးရွာအုပ်စု ကလိန်ကျေးရွာ၊ ထိန်နှစ်ပင်ကျေးရွာအုပ်စု ရွာသစ်ကျေးရွာ၊ ထိန်ကုန်းကျေးရွာအုပ်စု ထိန်ကုန်ကျေးရွာနှင့် လှည်းဆိပ်ကျေးရွာအုပ်စု လှည်းဆိပ်ကျေးရွာတို့တွင် ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားထုတ်ပေးခြင်း လုပ်ငန်းများကို တာဝန်ရှိသူများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
ကွင်းဆင်းဆောင်ရွက်ရာတွင် ထန်းတပင်မြို့နယ်ရုံးဝန်ထမ်းများက ကလိန်ကျေးရွာ၊ ရွာသစ်ကျေးရွာ၊ ထိန်ကုန်းကျေးရွာနှင့် လှည်းဆိပ်ကျေးရွာအတွင်းရှိ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိသေးသည့် ကျေးရွာနေပြည်သူများအား လိုအပ်သောသက်သေခံ အထောက်အထားများနှင့် စာရွက်စာတမ်းများစိစစ်၍ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။
ထန်းတပင်မြို့နယ်အတွင်း ပန်းခင်းစီမံချက်အဆင့် (၃) ဖြင့် ရွေ့ပြောင်းနေထိုင်သူများကိုလည်း ကော်မတီဖြင့် စိစစ်၍ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများကို ထုတ်ပေးလျက်ရှိကြောင်းလည်း သိရသည်။
ဇင်မင်းထိုက်