နွေရာသီအားကစားသင်တန်း တက်ရောက်နေသူများအား မြို့နယ်အမျိုးသမီး‌ရေးရာအဖွဲ့ဝင်များက အာဟာရမုန့်များ ဝေငှ

ဒဂုံမြောက် မတ်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် အမျိုးသမီးရေးရာအဖွဲ့ဝင်များက အားကစားနှင့်ကာယပညာဦးစီးဌာန၊ အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း၌ နွေရာသီအားကစားသင်တန်းတက်ရောက်နေကြသည့် ကျောင်းသား၊ ကျောင်းသူများအား မန်နေ့ နံနက် ၁၀ နာရီအချိန်က အာဟာရမုန့်များဝေငှပေးအပ်ခဲ့ကြောင်း သိရှိရသည်။

ဦးစွာ ဒဂုံမြို့သစ် (မြောက်ပိုင်း) မြို့နယ် မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ တာ၀န်ရှိသူတစ်ဦးက သင်တန်းတက်ရောက်နေကြသည့် ကျောင်းသား၊ ကျောင်းသူများနှင့် တွေ့ဆုံကာလူငယ်များ နွေရာသီတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်စေရန် နွေရာသီသင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ပေးနေကြောင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်ကလည်း လူငယ်များ သင်တန်းတက်ရောက်နိုင်ရေးအတွက် အားပေးကူညီလျက်ရှိကြောင်း၊ ကျောင်းသား၊ ကျောင်းသူများအနေဖြင့် သင်တန်းနည်းပြများ၏ သင်ကြားပို့ချမှုများကို ဂရုပြုလိုက်နာဆောင်ရွက်ကာ တတ်မြောက်အောင် သင်ယူဆောင်ရွက်သွားကြရန် မှာကြားခဲ့သည်။ ထို့နောက် အမျိုးသမီးရေးရာအဖွဲ့၀င်များက သင်တန်းတက်ရောက်နေကြသည့် ကျောင်းသား၊ ကျောင်းသူများကို အာဟာရမုန့်များ ပေးဝေခဲ့ကြကြောင်း သတင်းရရှိသည်။

မြင့်မြင့်ရီ