ဟင်္သာတမြို့နယ်တွင် ဆီထွက်သီးနှံ ဆောင်းနေကြာ စံကွက်ရိတ်သိမ်းပွဲကျင်းပ

ဟင်္သာတ မတ် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့၊ ကံလှကျေးရွာအုပ်စုရှိ တောင်သူ ဦးကျော်ဒွေး၏ ကွင်းအမှတ် ၁၄၆၂၊ ဦးပိုင်အမှတ် ၃၉၊ စိုက်ဧရိယာ (၃) ဧကတွင် ဆီထွက်သီးနှံ ဆောင်းနေကြာ စံကွက်ရိတ်ပွဲ အခမ်းအနားကို မတ်လ ၂၅ ရက်နေ့ နံနက် ၉ နာရီခွဲက အဆိုပါနေရာ၌ ပြုလုပ်ခဲ့သည်။

အခမ်းအနားသို့ ဟင်္သာတခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ခရိုင်စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်စိုးနှင့် ခရိုင်စိုက်တိုးမြင့်အဖွဲ့ဝင်များ၊ ဟင်္သာတမြို့နယ်စိုက်တိုးမြင့်ဥက္ကဋ္ဌ ဦးညွန့်ဆန်းထွန်းနှင့် မြို့နယ်စိုက်တိုးမြင့်အဖွဲ့ဝင်များ၊ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ၊ ဒေသခံတောင်သူများ တက်ရောက်ခဲ့ကြသည်။

အဆိုပါ စံကွက်ရိတ်သိမ်းပွဲတွင် ဆီထွက်သီးနှံ (ဆောင်းနေကြာ) (၁) ဧက စံကွက်အား စိုက်ပျိုးရေး ဝန်ထမ်းများ၊ မြေစာရင်းဝန်ထမ်းများနှင့် တောင်သူများမှ ရိတ်သိမ်းဆောင်ရွက်နေမှုအား ခရိုင်စိုက်ပျိုး ထုတ်လုပ်မှုတိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်မြင့်စိုးမှ ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားဆောင်ရွက်ခဲ့ပြီး အဆိုပါ စံကွက်မှ အစိုအထွက်တင်း (၃၀.၁၈) တင်း၊ အခြောက်အထွက်တင်း (၂၉.၅၁) တင်း ထွက်ရှိကြောင်း သိရသည်။

ဟင်္သာတ

ခရိုင် (ပြန်/ဆက်)