အင်းစိန်မြို့နယ်၌ မရှိ၍မလင်းသူမရှိစေရ အစီအစဉ်ဖြင့် မျက်စိဝေဒနာရှင်များအား (အခမဲ့) စစ်ဆေးကုသပေး

ရန်ကုန် မတ် ၂၅

ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာနနှင့် ရန်ကုန်တိုင်းဒေသကြီး မိခင်နှင့်ကလေးစောင်ရှောက်မှုကြီးကြပ်ရေးအဖွဲ့တို့ ပူးပေါင်း၍ "မရှိ၍မလင်းသူမရှိစေရ" အစီအစဥ်ဖြင့် မျက်စိဝေဒနာရှင်များအား ကွင်းဆင်းကုသပေးခြင်းကို မတ် ၂၃ ရက်နေ့က အင်းစိန်မြို့နယ်၊ စဥ်ငူရပ်ကွက်ရှိ စူဠာမဏိဘုန်းတော်ကြီးကျောင်းတိုက်တွင် (အခမဲ့) စစ်ဆေးကုသမှုများ ပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ကွင်းဆင်းကုသပေးရာတွင်လည်း မရှိ၍မလင်းသူမရှိစေရ အစီအစဉ်ဖြင့် အင်းစိန်မြို့နယ်အတွင်းရှိ မျက်စီဝေဒနာရှင် (၂၀၀) ကျော်တို့အား လိုအပ်သည့်ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးနိုင်ခဲ့ကြပြီး ခွဲစိတ်ရမယ့် လူနာများကိုလည်း တက္ကသိုလ်များဆေးရုံနဲ့ ရန်ကုန်မျက်စိဆေးရုံကြီးသို့ ဆက်လက်ပို့ဆောင်ကာ အခမဲ့ခွဲစိတ်ကုသပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ထို့အပြင် မရှိ၍မလင်းသူမရှိစေရအစီအစဉ်ဖြင့် မျက်စိအခမဲ့စစ်ဆေးခြင်းနဲ့အတူ ကိုဗစ်ကာကွယ်ဆေးထိုးနှံပေးခြင်း၊ ရွေ့လျားဓါတ်မှန်ဖြင့် အဆုတ်ရောင် (TB) ရောဂါကိုပါ တခါတည်းစစ်ဆေး‌ပေးခဲ့ကြပြီး မျက်မှန်လိုအပ်သည့် ဝေဒနာရှင်များကိုလည်း မျက်မှန်များ (အခမဲ့) ပေးအပ်ခဲ့ကြောင်း သိရသည်။

ဇင်မင်းထိုက် (ပြန်/ဆက်)