ကျိုက်လတ်မြို့နယ်တွင် မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ကျိုက်လတ် မတ် ၂၅

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကို ယနေ့ နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ရွှေဝါလတ်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမင်းအောင်က မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပနိုင်ရေး မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာများအနေဖြင့် ပူးပေါင်းဆောင်ရွက်ပေးရန် လိုအပ်ပါကြောင်း၊ သင်္ကြန်မဏ္ဍပ် ဆောက်လုပ်ရန်နေရာအား အတည်ပြုဆွေးနွေးပေးရန်လိုအပ်ကြောင်း၊ သင်္ကြန်ကာလအတွင်း ပြည်သူများ ပျော်ရွှင်စွာ ရေကစားနိုင်ရေးအတွက် ရေလုံလောက်မှုရှိစေရေး၊ ကြိုဆိုနေရာချထားရေးနှင့် ဧည့်ခံကျွေးမွေးရေး၊ သင်္ကြန်ကာလအတွင်း စတုဒိသာကျွေးမွေးရေး အစီအစဉ်များကို မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက် အုပ်ချုပ်ရေးမှူးများနှင့် ဆပ်ကော်မတီအလိုက်အဖွဲ့များ ဖွဲ့စည်းတာဝန်များ ပေးအပ်ပြီးဖြစ်၍ ကော်မတီအလိုက် ဆောင်ရွက်မည့်လုပ်ငန်းများအား အကြံပြုဆွေးနွေးပေးစေလိုကြောင်း ပြောကြားခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် မြို့မိမြို့ဖများ၊ ဌာနဆိုင်ရာများက မဟာသင်္ကြန်ပွဲတော် စည်ကားသိုက်မြိုက်စွာကျင်းပနိုင်ရေး ဆောင်ရွက်ရမည့်လုပ်ငန်းစဉ်များအား ပြန်လည်ဆွေးနွေး ပြောကြားခဲ့ကြကြောင်း သိရသည်။

လှိုင်မင်းအောင်

ကျိုက်လတ်(ပြန်/ဆက်)