ပင်လုံမြို့ပန်မုန့် မူလမင်းကွန်းကမ္မဋ္ဌာန်းတိုက်၌ နွေရာသီ (Summer School) တက်ရောက်နေသော ကိုရင်လေးများထံသို့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲဆောင်ရွက်

ပင်လုံ မတ် ၂၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လွိုင်လင်ခရိုင်၊ ပင်လုံမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် တိုင်းရင်းဆေးပညာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့နံနက် (၉) နာရီအချိန်က ပန်မုန့် မူလမင်းကွန်းကမ္မဋ္ဌာန်းတိုက်၌ နွေရာသီ (Summer School) တက်ရောက်နေသော ကိုရင်လေးများအား သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။

အဆိုပါ ဟောပြောပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးမှူး ဒေါ်အိမြတ်နိုးသူက မီးခိုး​​မြူငွေ့ ညစ်ညမ်းမှုထိန်းချုပ်ရေးဆိုင်ရာလုပ်ငန်းများ ဆောင်ရွက်ရခြင်း ရည်ရွယ်ချက်များ၊ မီးခိုးမြူငွေ့ဖြစ်ပေါ်မှုနှင့် အဓိကအကြောင်းအရင်းများ၊ မီးခိုးမြူငွေ့ညစ်ညမ်းမှု လျော့ချရေးလုပ်ငန်းများ၊ မီးခိုးမြူငွေ့ကြောင့် လေထုညစ်ညမ်း၍ ဖြစ်ပွားစေနိုင်သော ဆိုးကျိုးများ၊ ပလတ်စတစ်ညစ်ညမ်းမှုဆိုင်ရာ အကြောင်းအရာများ ဆိုးကျိုးများ၊ ဖြေရှင်းရမည့်နည်းလမ်းများကို အသိပညာပေးဟောပြောခဲ့ပြီး၊ တိုင်းရင်းဆေးမှူး ဒေါ်စကားဝါက အိမ်တွင်းမိရိုးဖလာတိုင်းရင်းဆေးနည်းများ၊ ရာသီအလိုက်ဖြစ်ပွားတတ်သော ရောဂါများ အကြောင်းနှင့် တိုင်းရင်းဆေးနည်းဖြင့် ကာကွယ်နည်း၊ ကုသနည်းများအကြောင်း အသိပညာပေး ဟောပြောခဲ့ပါသည်။ ထို့နောက် စာသင်သားကိုရင်လေးများအား ပြင်ပ ဗဟုသုတများ ရရှိစေရန်၊ စာဖတ်ခြင်းဖြင့် အသိပညာဗဟုသုတများ ရရှိစေရန် စာဖတ်ဝိုင်းနှင့် မျက်စိလျင်စေရန်၊ ဉာဏ်ရည်ထက်စေရန်၊ ပျော်စရာကောင်းစေရန်အတွက် ဥာဏ်ရည်ထက်မှာ တွေ့အောင်ရှာဂိမ်းကစားနည်းအား ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဆက်လက်၍ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် နံရံကပ်စာစောင်များ၊ ယာဥ်စည်းကမ်း၊ လမ်းစည်းကမ်း အန္တရာယ်အသိပညာပေး နံရံကပ်စာစောင်များ၊ လူကုန်ကူးမှုအန္တရာယ် တားဆီးကာကွယ် နံရံကပ်စာစောင်များ၊ မီးခိုးမြူငွေ့အန္တရာယ် အသိပညာပေး နံရံကပ်စာစောင်များ၊ အပူဒဏ်အန္တရာယ်ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များ၊ မြို့နယ်လှုပ်ရှားမှု မှတ်တမ်းဓာတ်ပုံများကိုပြသခဲ့ရာ အဆိုပါကျောင်းရှိ စာသင်သားကိုရင်လေးများက စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)