ကြံခင်း မတ် ၂၅
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကြီးမှူးကျင်းပမည့် အခြေခံပညာကျောင်းပေါင်းစုံ ဘင်ခရာစွမ်းရည်ပြိုင်ပွဲတွင် မြန်အောင်ခရိုင် ကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်မည့် အ.ထ.က (၁) ကြံခင်း ဘင်ခရာအဖွဲ့ စခန်းသွင်းလေ့ကျင့်လျက်ရှိသည်။
အဆိုပါ မြန်အောင်ခရိုင်ကိုယ်စားပြု ဝင်ရောက်ယှဉ်ပြိုင်မည့် အ.ထ.က (၁) ဘင်ခရာတီးဝိုင်း အဖွဲ့သည် ဖေဖော်ဝါရီလမှစ၍ လေ့ကျင့်သင်ကြားလျက်ရှိရာ ခရိုင်ပညာရေးမှူး၊ မြို့နယ်စီမံ အုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်ပညာရေးမှူး၊ ဌာနဆိုင်ရာများနှင့် မိဘအုပ်ထိန်းသူများက ဘက်ပေါင်းစုံမှ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးလျက်ရှိပြီး ဘင်ခရာအဖွဲ့မှ ကျောင်းသား၊ ကျောင်းသူ များက ဘင်ခရာစွမ်းရည်မြင့်မားရေးနှင့် ပထမဆုရရှိရေးအတွက် အ.ထ.က (၁) ကျောင်းရှေ့ ဘောလုံးကွင်းတွင် နေ့စဉ်ကြိုးစားသင်ယူလေ့ကျင့်လျက်ရှိသည်။ ၎င်းပြိုင်ပွဲကို ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့မှကြီးမှူး၍ ကျင်းပသွားမည့်ရာ ဘင်ခရာစွမ်းရည်ပြိုင်ပွဲကို ဧရာဝတီတိုင်းအတွင်းရှိ ခရိုင် ၈ ခရိုင်မှ ပြိုင်ပွဲဝင်ဘင်ခရာ ၁၀ ဖွဲ့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အ.ထ.က (၁) ကြံခင်းဘင်ခရာကြီးကြပ်အဖွဲ့ထံမှ သိရသည်။
ဖြိုးဝေလင်း (ပြန်/ဆက်)