ရှမ်းပြည်နယ်(အ‌ရှ့ပိုင်း) မြို့နယ် (၁၀)မြို့နယ်မှ ကျေးလက်နေပြည်သူများနှင့် တိုင်းရင်းသားပြည်သူများအတွက် စဉ်ဆက်ပညာ‌ရေးလုပ်ငန်း ဂုဏ်ပြုပွဲအခမ်းအနား ကျင်းပ

ကျိုင်းတုံ မတ် ၂၅

ပညာရေးဝန်ကြီးဌာနနှင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့တို့ ပူးပေါင်းကျင်းပသည့် ရှမ်းပြည်နယ်(အ‌ရှ့ပိုင်း) မြို့နယ် (၁၀)မြို့နယ် စဉ်ဆက်ပညာ‌ရေးလုပ်ငန်း ဂုဏ်ပြုပွဲအခမ်းအနားကို ယမန်နေ့က ကျိုင်းတုံမြို့တော်ခန်းမ၌ ကျင်းပရာ တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် စိုးလှိုင်နှင့် အဖွဲ့ဝင်များ၊  ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ခရိုင်၊ မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ ပညာ‌ရေးဌာန တာဝန်ရှိသူများ၊ စဉ်ဆက်ပညာ‌ရေးလုပ်ငန်း မြို့နယ်အလိုက် နည်းပြ/ကြီးကြပ်များ၊ စာသင်သားများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ပြည်နယ်အစိုးရအုပ်ချုပ်ရေးအဖွဲ့ခွဲ(ရှမ်းအရှေ့)ဥက္ကဋ္ဌ ဦးဇော်လွင်ဦးက အမှာစကားပြောကြားပြီး မှတ်တမ်းတင်ဂုဏ်ပြုလွှာ ပေးအပ်ခဲ့သည်။ ထို့နောက် တြိဂံဒေသတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုုပ် စိုးလှိုင်က စဉ်ဆက်ပညာရေးလုပ်ငန်းတွင် စေတနာဖြင့် လုပ်အားပေးဆောင်ရွက်ခဲ့ကြသည့် မြို့နယ်ကိုယ်စားပြု နည်းပြနှင့် ကြီးကြပ်များအား ဂုဏ်ပြုလက်မှတ်များ ပေးအပ်ခဲ့သည်။

ဆက်လက်၍ ရှမ်းပြည်နယ်(အ‌ရှ့ပိုင်း) မြို့နယ် (၁၀)မြို့နယ် စဉ်ဆက်ပညာ‌ရေးလုပ်ငန်းတွင် သင်ယူတက်ရောက်ခဲ့သည့် စာသင်သားများအား  ကျောင်းပြင်ပနှင့် တစ်သက်တာပညာ‌ရေးဦးစီးဌာန ညွှန်ကြား‌ရေးမှူး ဒေါ်အိဖြိုးဝင်းက အသိအမှတ်ပြုလက်မှတ်များ ပေးအပ်ရာ စာသင်သားကိုယ်စားလှယ်တစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက် နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီ လက်ထက် ကျောင်းပြင်ပပညာရေးကဏ္ဍ စဉ်ဆက်ပညာရေးလုပ်ငန်းဆောင်ရွက်ချက် မှတ်တမ်းဗွီဒီယိုအား ပြသဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)