ပခုက္ကူမြို့နယ်တွင် အခြေခံပညာမူလတန်းနှင့် အလယ်တန်းအဆင့် ဘာသာရပ်ဆိုင်ရာစွမ်းရည်မြှင့် မွမ်းမံသင်တန်း ဖွင့်လှစ်

ပခုက္ကူ  မတ် ၂၅

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အခြေခံပညာမူလတန်းနှင့်အလယ်တန်းအဆင့် ဘာသာရပ်ဆိုင်ရာစွမ်းရည်မြှင့်မွမ်းမံသင်တန်းဖွင့်ပွဲကို ယမန်နေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ ‌ကျင်းပပြုလုပ်သည်။

သင်တန်းဖွင့်ပွဲတွင် ပခုက္ကူမြို့နယ်ပညာရေးမှူး ဒေါ်ခင်တိုးဝင်းက ဘာသာရပ်ဆိုင်ရာစွမ်းရည်မြှင့်သင်တန်း ဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များနှင့် သင်တန်းတွင် လိုက်နာဆောင်ရွက်ရမည့်အချက်များအကြောင်း ရှင်းလင်းပြောကြားသည်။

အဆိုပါသင်တန်းကို ၂၀၂၅ ခုနှစ်၊ မတ်လ ၂၄ ရက်မှ ၂၈ ရက်နေ့အထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ပြီး မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ မူလတန်းအဆင့် ဆရာ၊ ဆရာမ ၄၉၆ ဦး၊ အလယ်တန်းအဆင့် ဆရာ၊ ဆရာမ ၂၈၁ ဦး စုစုပေါင်း သင်တန်းသား၊ သင်တန်းသူ ၇၇၇ ဦး တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

ဘာမီသာ(ပခုက္ကူ)