ကျုံပျော် မတ် ၂၅
ဧရာဝတီတိုင်းဒေသကြီး ကျုံပျော်ခရိုင် ကျုံပျော်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ စိုက်ပျိုးထားရှိသည့် ဆီထွက်သီးနှံ ဆောင်းနေကြာစံပြကွက်ရိတ်သိမ်းပွဲကို ကျုံပျော်မြို့ အောင်ဆန်းရပ်ကွက် မြေရဲတောင်ကွင်း တောင်သူဦးတင်ရှိန်၏ လယ်မြေ၌ ယနေ့နံနက် ၉ နာရီက ပြုလုပ်သည်။
ရိတ်သိမ်းပွဲသို့ ကျုံပျော်ခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစောထွန်းဝင်း၊ စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ကျုံပျော်ခရိုင် ကိုယ်စားပြုရုံးမှ ဒုတိယညွှန်ကြားရေးမှူး ဦးမင်းနောင်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်ထွန်း၊ စိုက်ပျိုးရေးဦးစီးဌာန မြို့နယ်ဦးစီးမှူး ဦးသန်းဇော်ထိုက်နှင့် စိုက်တိုးမြင့်အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြပြီး၊ စိုက်ပျိုးရေးဝန်ထမ်းများက ဦးဆောင်ကာ Supersun-41 စံပြကွက် (၃) ဧကအား စုပေါင်းရိတ်သိမ်းခဲ့ကြသည်။
အဆိုပါ ရိတ်သိမ်းပြီး နေကြာများအား အစေ့ခြွေခြင်းပြုလုပ်၍ ချိန်တွယ်တိုင်းတာ စစ်ဆေးခဲ့ရာ တစ်ဧကအစိုအထွက်နှုန်း ၄၈ တင်းနှင့်အခြောက်အထွက်နှုန်း ၄၇.၀၄ တင်း ရရှိကြောင်း သိရသည်။
မြို့နယ် (ပြန်/ဆက်)