ညောင်ရွှေ မတ် ၂၅
၁၃၈၆ ခု အစိုးရဓမ္မာစရိယစာမေးပွဲ ပထမနေ့ (ပါရာဇိကဘာရပ်) ဖြေဆိုခြင်းကို မတ် ၂၅ ရက် နေ့လယ် ၁၂ နာရီက ရှမ်းပြည်နယ် ညောင်ရွှေမြို့၊ စိန်ရတုပုစ္ဆကကျောင်းဆောင်၌ စတင်ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ အစိုးရဓမ္မာစရိယစာမေးပွဲသို့ ဝင်ရောက်ဖြေဆိုရန် ညောင်ရွှေစာဖြေဌာနမှ သံဃာတော်နှင့် သီလရှင်ဆရာလေး စုစုပေါင်း(၃၃)ပါး စာရင်းပေးသွင်းထားပြီး (၂၄)ပါးဝင်ရောက်ဖြေဆိုခဲ့ကြောင်းနှင့် စာဖြေသံဃာတော်များ စာမေးပွဲဖြေဆိုနေမှုကို စာမေးပွဲကြီးကြပ်ရေးအဖွဲ့ ဆရာတော်များ၊ မြို့နယ်သာသနာရေးဦးစီးဌာနမှ တာဝန်ရှိသူများ၊ ကျန်းမာရေးဌာန တာဝန်ရှိသူများနှင့် လူပုဂ္ဂိုလ်များက ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
စိုင်းအယ်ဘဲ