ပခုက္ကူမြို့၌ အစိုးရဓမ္မာစရိယစာမေးပွဲ စတင်ဖြေဆို

ပခုက္ကူ မတ် ၂၅

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနမှ ကျင်းပပြုလုပ်သည့် ၂၀၂၅ ခုနှစ်၊ အစိုးရဓမ္မာစရိယစာမေးပွဲကို မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့၊ အမှတ်(၄)ရပ်ကွက်၊ ရိပ်သာလမ်းရှိ ပရိယတ္တိဗိမာန်(နှစ်ထပ်စာဖြေဆောင်)၌ ယနေ့မွန်းတည့် ၁၂ နာရီအချိန်က စတင်ဖြေဆိုကြသည်။

ထိုသို့ ဖြေဆိုကြရာ အစိုးရဓမ္မာစရိယစာမေးပွဲ(ပခုက္ကူစာဖြေဌာန)တွင် ဖြေဆိုမည့် ရဟန်း၊ သာမဏေ၊ သီလရှင်စာရင်းရှိ (၆၇)ပါးအနက် ပါရာဇိကကဏ္ဍပါဠိအဋ္ဌကထာ(၁)အား ကြွရောက်ဖြေဆိုသူ (၅၅)ပါးရှိကြောင်း၊ အဆိုပါစာမေးပွဲကို မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌဆရာတော်ကြီးနှင့် အဖွဲ့ဝင်ဆရာတော်များ၊ ဓမ္မာစရိယကြီးကြပ်ရေးဆရာတော်များ၏ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် ဖြေဆိုကြခြင်းဖြစ်ပြီး စာမေးပွဲများ အဆင်ပြေချောမွေ့စွာ ဖြေဆိုနိုင်ရေးအတွက် ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ကျန်းမာရေးဝန်ထမ်းများက စာဖြေသံဃာတော်များနှင့် သီလရှင်များ၏ ဝေယျာဝစ္စများနှင့် ကျန်းမာရေးကိစ္စရပ်များကို ဝိုင်းဝန်းကူညီဆောင်ရွက်ပေးခြင်း၊ အလှူရှင်များအလိုက် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခြင်းများ ဆောင်ရွက်ကြကြောင်း ခရိုင်သာသနာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျင်ရွှေထံက သိရသည်။

ဘာမီသာ(ပခုက္ကူ)