ဖျာပုံ မတ် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမ၌ နွေရာသီကျောင်းပိတ်ရက်တွင် ကျောင်းသား၊ကျောင်းသူများအချိန်ကိုအကျိုးရှိရှိအသုံးချတတ်စေရန်၊အင်္ဂလိပ်စာနှင့်ရင်းနှီးကျွမ်းဝင်မှုရှိစေရန်ရည်ရွယ်၍အခြေခံ အင်္ဂလိပ်စာသင်တန်းကို ယမန်နေ့ နံနက်ပိုင်း အချိန်က အဆိုပါရုံးခန်းမ၌ ပြုလုပ်သည်။
အဆိုပါ အခြေခံအင်္ဂလိပ်စာသင်တန်းတွင် ဖျာပုံခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်စမ်းစမ်းအေးက အခြေခံအင်္ဂလိပ်စာသင်တန်း ဖွင့်လှစ်ပေးရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားသည်။ ဆက်လက်၍ အင်္ဂလိပ်စာဆရာ ဦးကိုကိုဇော်နှင့်ဆရာဦးဟန်ဝင်းအောင်တို့က အခြေခံအင်္ဂလိပ်စာကို စာတွေ့၊ လက်တွေ့သင်ကြားပြသပေးကြသည်။ အဆိုပါ သင်တန်းသို့ မြို့နယ်အတွင်းရှိ Grade (8)နှင့် Grade (9)မှကျောင်းသား၊ ကျောင်းသူ (၂၀)ဦးအား မတ်လ( ၂၄)ရက်နေ့မှ မတ် (၂၈) ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရသည်။
အောင်ဝင်းနိုင်
ဖျာပုံခရိုင် (ပြန်/ဆက်)