ငပုတော မတ် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ အမျိုးသမီးများအပေါ် တရားမဝင်လူကုန်ကူးမှု၊ အကြမ်းဖက်နှိမ်နှင်းမှု၊ သက်ငယ်မုဒိန်းမှု၊ သွေးဆောင်ဖျားရောင်းခိုးယူမှုများကို ကာကွယ်စောင့်ရှောက်ရန် အသိပညာပေးဟောပြောပွဲ အခမ်းအနားကို ယမန်နေ့က မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်သည်။
အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်နီလာထွန်းက ငပုတောမြို့၌ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ အမျိုးသမီးများများအပေါ် တရားမဝင်လူကုန်ကူးမှု၊ အကြမ်းဖက်နှိမ်နှင်းမှု၊ သက်ငယ်မုဒိန်းမှု၊ သွေးဆောင်ဖြားယောင်းခိုးယူမှုများကို ကာကွယ်စောင့်ရှောက်နိုင်ရေးနှင့် အမျိုးသမီးများအပေါ် အကြမ်းဖက်မှုမှ ကာကွယ်နိုင်ရေး ဥပဒေအကြောင်းအရာများကို အသိပညာပေး ဟောပြောခဲ့ကြောင်း သိရသည်။
အောင်သူ(ပြန်/ဆက်)