ရေတာရှည်မြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် မူလတန်းအဆင့်ဘာသာ ရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲသင်တန်းပြုလုပ်

ရေတာရှည် မတ် ၂

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ် အခြေခံပညာဦးစီးဌာနမှ ၂၀၂၄-၂၀၂၅ ပညာသင်နှစ်မူလတန်းအဆင့် ဆရာ/ဆရာမများအား ဘာသာရပ်စွမ်းရည်မြှင့်ဆွေးနွေးပွဲ အခမ်းအနားကို ယမန်နေ့ နံနက် () အချိန်က အ..က (ရေတာရှည်) ကျောင်း အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆွေးနွေးပွဲတွင် မြို့နယ်ပညာရေးမှူး ဒေါ်ခင်သက်ဦးက အဖွင့်အမှာစကားပြောကြားပြီး ဆွေနွေးပွဲနှင့် ပတ်သက်သည့် အကြောင်းအရာများကို ရှင်းလင်းပြောကြားခဲ့သည်။

ထို့နောက် သင်တန်းနည်းပြ ဆရာ/ဆရာမများက လက်တွေ့ပို့ချခဲ့သည်။ အဆိုပါသင်တန်းတွင် မူလတန်းအဆင့်မှ သင်တန်းသား ဆရာ/ဆရာမ (၈၅၈) ဦး၊ သင်တန်းနည်းပြ ဆရာ/ဆရာမ (၅၄) ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ မတ်လ (၂၄) ရက်နေ့မှ မတ်လ (၂၈) ရက်နေ့ထိ (၅) ရက်တာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြို့နယ် (ပြန်/ဆက်)