ပုသိမ် မတ် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ပုသိမ်မြို့ သာသနာ့ဗိမာန်တော်ကြီးတွင် ၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကျင်းပရာ ယနေ့တွင် အစိုးရဓမ္မာစရိယစာမေးပွဲစတင် ကျင်းပပြုလုပ်လျက်ရှိသည်။
စာမေးပွဲပထမနေ့အဖြစ် အစိုးရဓမ္မာစရိယ စာမေးပွဲကို ပုသိမ်မြို့နယ်အတွင်းရှိ စာသင်တိုက်အသီးသီးမှ ဖြေဆိုမည့်သံဃာစာရင်းရှိ (၈၁) ပါးရှိရာ (၆၄) ပါးဝင်ရောက်ဖြေဆိုခဲ့ပြီး ပျက်ကွက်(၁၇)ပါးရှိကြောင်းနှင့် မတ်လ (၂၅) ရက်နေ့မှ ဧပြီလ (၂) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း၊ ပါဠိပထမပြန်စာမေးပွဲကို ဖြေဆိုမည့်သံဃာ စာရင်းရှိ(၈၀၀)ပါးရှိကြောင်းနှင့် မတ်လ (၃၁) ရက်နေ့မှ ဧပြီလ (၆) ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါစာမေးပွဲဖြေဆိုရာတွင် မြို့နယ်ကျန်းမာရေးဌာန ဝန်ထမ်းများမှ ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် စေတနာရှင်အလှူရှင်များမှ အချိုရည်များ ဆကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ကျော်ဟိန်း (ပြန်/ဆက်)