မြောက်ဥက္ကလာပ မတ် ၂၅
ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ မြောက်ဥက္ကလာပမြို့၌ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကြီးမှူး၍ နွေရာသီကျောင်းပိတ်ရက်များတွင် ကျောင်းသား၊ ကျောင်းသူများ အချိန်ကိုအကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် နွေရာသီအခြေခံပန်းချီ ရေးဆွဲနည်းသင်တန်းကို ယမန်နေ့ နံနက် ၁၀ နာရီအချိန် အဆိုပါရုံးလူထုအခြေပြုဗဟိုဌာန Community centre ခန်းမတွင် ပြုလုပ်ခဲ့သည်။
ဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဒေါ်မြမြ၀င်းက အမှာစကားပြောကြားရာတွင် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နွေရာသီ ကျောင်းပိတ်ရက်များအတွင်း အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်ရေးအတွက် နွေရာသီအခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ဖွင့်လှစ်ပေးရခြင်းနှင့် ပတ်သတ်၍ ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းနည်းပြ ပန်းချီဆရာကြီး တင်မောင်လတ်က သင်တန်းတွင် ပို့ချမည့် ဘာသာရပ်များအား အသေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။
အဆိုပါ နွေရာသီအခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို အခြေခံပညာကျောင်းများမှ အလယ်တန်းအဆင့် ကျောင်းသား၊ ကျောင်းသူ ၃၀ ဦးခန့် တက်ရောက်သင်ယူမည်ဖြစ်ပြီး သင်တန်းကာလမှာ မတ် ၂၄ ရက်နေ့မှ ၃၁ ရက်နေ့ထိ ၈ ရက်ကြာပို့ချပးမည်ဖြစ်ကြောင်း သိရသည်။
သက်လွင်စိုး (ပြန်/ဆက်)