ရွှေတောင် မတ် ၂၅
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် အခြေခံပညာမူလတန်းအလယ်တန်းဆင့် သင်ကြားသင်ယူမှုပိုမိုထိရောက်စေရေး အရည်အသွေးမြှင့် မြို့နယ်အဆင့် ဆွေးနွေးပွဲအခမ်းအနားကို ယမန့်နေ့ နံနက်ပိုင်းက အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေး အထက်တန်းကျောင်း ရတနာခန်းမနှင့် အ.ထ.က (ကြာနီကန်) ကျောင်းတို့၌ ကျင်းပခဲ့သည်။
အခြေခံပညာမူလတန်းဆင့်သင်ကြားသင်ယူမှု ပိုမိုထိရောက်စေရေးအရည်အသွေးမြှင့် မြို့နယ်အဆင့်ဆွေးနွေးပွဲကို အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းတွင် နည်းပြ (၂၇) ဦး သင်တန်းသား၊ သင်တန်းသူ ဆရာ/ဆရာမ (၈၁၂) ဦး၊ အလယ်တန်းဆင့် သင်ကြားသင်ယူမှု ပိုမိုထိရောက်စေရေးအရည်အသွေးမြှင့် မြို့နယ်အဆင့်ဆွေးနွေးပွဲကို အ.ထ.က (ကြာနီကန်) ကျောင်း၌ နည်းပြ (၁၂) ဦး သင်တန်းသား၊ သင်တန်းသူ ဆရာ/ဆရာမ (၂၀၃) ဦး တက်ရောက်ခဲ့ကြပြီး မတ်လ (၂၄) ရက်နေ့မှ (၂၈) ရက်နေ့ထိ ဆွေးနွေးကျင်းပသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
ကိုကိုမင်း (ပြန်/ဆက်)