ဖျာပုံမြို့၌ ၂၀၂၅ ခုနှစ်အစိုးရဓမ္မာစရိယ စာမေးပွဲပထမနေ့စတင်ကျင်းပ

ဖျာပုံ မတ် ၂၅

 ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် မြို့နယ်သံဃမဟာနာယကအဖွဲ့မှ ဦးဆောင်ကျင်းပသော၂၀၂၅ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲ ပထမနေ့အဖြစ် ပါရာဇိကဏ် (ပ)ကို ယနေ့နေ့လယ်ပိုင်းအချိန်က ဖျာပုံမြို့ ဓမ္မဝိနယပဋ္ဌမပြန်တိုက်သစ်ကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။

အဆိုပါအစိုးရဓမ္မာစရိယစာမေးပွဲ ပထမနေ့အဖြစ် ပါရာဇိကဏ်(ပ)ကို မြို့နယ်သံဃမဟာနာယကဥက္ကဋ္ဌဆရာတော်ကြီးနှင့်နာယကဆရာတော်ကြီးများ၊ ကြီးကြပ်ရေးဆရာတော်များ၏ ကြီးကြပ်မှုဖြင့် မတ်လ(၂၅)ရက်နေ့ နေ့လယ်ပိုင်းတွင် ပါရာဇိကဏ်(ပ)ဝင်ရောက်ဖြေဆိုရန် စာရင်းရှိ(၂၅၉)ပါးရှိပြီး စာဖြေရဟန်း(၂၀၄)ပါး၊ သီလရှင်(၃၆)ပါးစုစုပေါင်း (၂၄၀)ပါး ဝင်ရောက် ဖြေဆိုကြသည်။
အစိုးရဓမ္မာစရိယစာမေးပွဲကို (၂၅-၃-၂၀၂၅)ရက်နေ့မှ (၆-၄-၂၀၂၅)ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း မြို့နယ်သာသနာရေးဦးစီးဌာနမှ သိရှိရသည်။

အောင်ဝင်းနိုင်