ညောင်တုန်း မတ် ၂၅
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်တွင် အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီအချိန်က ရွှေဟင်္သာတောရကျောင်း၊ ရာပြည့်ဗိမာန်တွင် ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ကျင်းပရာတွင် အစိုးရဓမ္မာစရိယဖြေဆိုသံဃာ (၃၆) ပါးနှင့် ပါဠိပထမပြန်စာမေးပွဲ ပထမကြီးတန်း(၂၀)ပါး၊ ပထမ လတ်တန်း (၃၁) ပါး၊ ပထမငယ်တန်း (၄၉) ပါး၊ အခြေပြုမူလတန်း (၅၉) ပါး စုစုပေါင်း စာဖြေသံဃာ (၁၉၅) ပါး စာရင်းသွင်း ဖြေဆိုကြပြီး မြို့နယ်သံဃာ့နာယကအဖွဲ့၊ ကြီးကြပ်ဆရာတော်များနှင့်အတူ မြိုနယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများမှ စာမေးပွဲဖြေဆိုသည့်ကာလအတွင် အဆင်ပြေအေးချမ်းစွာ ဖြေဆိုနိုင်ရေးအတွက် ညှိနှိုင်းပေါင်းစပ် ကူညီဆောင်ရွက်ပေးလျက်ရှိသည်။
ညောင်တုန်းမြို့နယ်တွင် အစိုးရဓမ္မာစရိယစာမေးပွဲနှင့် ပါဠိပထမပြန် (ပထမကြီးတန်း၊ ပထမလတ်တန်း၊ ပထမငယ်တန်း၊ အခြေပြုမူလတန်း) စာမေးပွဲများကို သတ်မှတ်နေ့ရက်များအလိုက် ကျင်းပမည်ဖြစ်ကြောင်း မြို့နယ်သာသနာရေး ဦးစီးဌာနမှသိရသည်။
မြို့နယ် (ပြန်ဆက်)