မိတ္ထီလာ မတ် ၂၅
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ ၂ဝ၂၅ ခုနှစ် အစိုးရဓမ္မာစရိယစာမေးပွဲကို ယနေ့မွန်းတည့် ၁၂ နာရီအချိန်က အ.ထ.က(၁)၌ ကျင်းပရာ စာမေးပွဲဖြေဆိုသည့် သံဃာတော်များနှင့် သီလရှင်များအား သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးမြင့်ဦးနှင့်တာဝန်ရှိသူများက ကြည်ညိုအားပေးခဲ့ကြောင်း သိရသည်။
ရှေးဦးစွာ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ အစိုးရဓမ္မာစရိယစာမေးပွဲ အထူးကြီးကြပ် ဆရာတော်ဘဒ္ဒန္တကေသရထံသို့ လှူဖွယ်ဝတ္ထုများကို အမြဲတန်းအတွင်းဝန်ဦးမြင့်ဦးက ဆက်ကပ်လှူဒါန်းသည်။ ထို့နောက် အဆိုပါစာမေးပွဲတွင် ဝင်ရောက်ဖြေဆိုသည့် သံဃာတော် ၂၁၈ ပါး၊ သီလရှင် ၁၁ ပါး စုစုပေါင်း ၂၂၉ ပါးတို့၏ စာမေးပွဲဖြေဆိုနေမှုအား အမြဲတန်းအတွင်းဝန်ဦးမြင့်ဦး၊ မိတ္ထီလာခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်မြင့်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်အောင်လေးနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများက ကြည်ညိုအားပေးခဲ့သည်။ အဆိုပါ စာမေးပွဲသို့ ဝင်ရောက်ဖြေဆိုသည့် စာဖြေသံဃာတော်များနှင့် သီလရှင်များအား ခရိုင်မြို့နယ်အဆင့်ဌာနဆိုင်ရာများက အအေးအဖျော်ယမကာများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ချမ်းသာ