ပြည်ကြီးတံခွန် မတ် ၂၅
မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန်မြို့နယ်၊ (ဆ)ရပ်ကွက်၊ မူလွန်(၂၀) စာသင်ကျောင်း၌ နွေရာသီကျောင်းပိတ်ရက်ကာလ ယဉ်ကျေးလိမ္မာသင်တန်းကို ယမန်နေ့ နံနက် (၉) နာရီအချိန်က ဖွင့်လှစ်ခဲ့သည်။
ရှေးဦးစွာ သင်တန်းဖွင့်လှစ်ရာတွင် မူလွန်(၂၀) ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းနွယ်က နွေရာသီ ကျောင်းပိတ်ရက်ကာလများတွင် ကျောင်းသူ/သားများ၊ လူငယ်/ရွယ်များ၊ ကလေးသူငယ်များအနေဖြင့် အချိန်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်နှင့် လိမ္မာယဉ်ကျေးသော လူငယ်/လူရွယ်များဖြစ်စေရန် ရည်ရွယ်၍ ဖွင့်လှစ်ခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။ ဆက်လက်၍ အဆိုပါ ယဉ်ကျေးလိမ္မာသင်တန်းကို ဒုတိယ မူလ တန်းပြ ဆရာမ ဒေါ်မျိုးသူဇာဝင်းနှင့် ဒေါ်သန္တာစိုးတို့က သင်ကြားပို့ချပေးရာ ကျောင်းသား/သူ (၂၃၀) ဦး တက်ရောက်ခဲ့ပြီး သင်တန်းကာလမှာ ရက်သတ္တပတ်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း မူလွန်(၂၀) ကျောင်းအုပ်ဆရာမကြီးထံမှ သိရသည်။
ခရိုင်ပြန်/ဆက်