လိပ်သို မတ် ၂၅
ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် ၂၀၂၅ ခုနှစ်၊ မတ်လ (၂၇) ရက်နေ့တွင် ကျရောက်မည့် နှစ် (၈၀) ပြည့် တပ်မတော်နေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဌာနဆိုင်ရာရုံးများနှင့် မြို့ပေါ်ရပ်ကွက်များရှိ ဒေသနေပြည်သူများအား ယနေ့နံနက်ပိုင်းက လက်ဝယ်အရောက် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
အဆိုပါ သတင်းစကား လက်ကမ်းစာစောင်တွင် နှင်းအပ်တာဝန် ကျေပွန်ခဲ့သည်၊ နှစ် (၈၀) ပြည့် တပ်မတော်နေ့ ဦးတည်ချက်များ၊ နိုင်ငံရေးရည်မှန်းချက် (၂) ရပ်၊ တပ်မတော်၏ အစဉ်အလာကောင်း (၁၂) ရပ်၊ အမျိုးသားရေး ရည်မှန်းချက် (၂) ရပ်၊ ၂၀၂၄ ခုနှစ် မတ်လ ၂၈ ရက်နေ့ (၇၉) နှစ်မြောက် တပ်မတော်နေ့ စစ်ရေးပြအခမ်းအနား၌ တပ်မတော်ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင် ပြောကြားသည့် မိန့်ခွန်းကောက်နုတ်၊ မျိုးမြတ်မြတ်မြင့်မောင် ရေးသားသော “ချစ်ညီ စစ်သည်တို့” ကဗျာ၊ ဆောင်ပုဒ်များပါဝင်သော သတင်းစကား လက်ကမ်းစာစောင်ကို ဒေသနေပြည်သူများ လေ့လာဖတ်ရှုလေ့လာနိုင်ရန် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက အခမဲ့ ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။
ခင်လေးနွယ်